Learn the basics
Basic လို့ပြောရင် သိပ်အလေးမထားချင်ကြဘူး။ လွယ်တယ်၊ အခြေခံလေးတွေမို့ပြင်းစရာကောင်းတယ် လို့တချို့ထင်ကြတယ်။ Basic ကို Essential for life or some process လို့ English dict မှာ defination လုပ်ထားတယ်။ အရမ်းကို အခြေခံကျပြီး အဲ့ကနေစတင့် အားလုံးဟာ ဆင့်ပွားလေ့လာကြရမှာဖြစ်တယ်။
Practice doesn't make perfect but perfect practice does. အရာလုံးအားကတော့ perfect ဆိုတာမရှိဘူးရယ်။ ဒါပေမယ့် အတက်နိုင်ဆုံးမှန်ကန်တိကျအောင် လေ့လာဖို့လိုမယ်။ အစအကောင်းမှ အနှောင်းသေချာမယ် ပြောကြတယ်မဟုတ်လား။
Grammar is the key
Grammar လေ့ကိုလာရမယ်။ တကယ်တမ်း မဖြစ်မနေ လေ့လာဖို့လိုအပ်လားဆိုတာ debate လုပ်ကြတာရှိတယ်။ ကိုယ်တိုင်လည်းအစက အဲ့လောက်အရေးမထားပဲ ဝတ်ကျေတန်းကျေပဲလုပ်ခဲ့တယ်။ နည်းနည်းလောက်လဲကြာရော ကိုယ်တော်ချောခဗျာ ခုက္ခနဲ့လှလှတွေ့တာပဲ။ "သဒ္ဒါမခိုင် စာမပိုင်" ဆိုတာအမှန်ပဲ။ Active, Passive ဘာမှန်းမသိတော့ 'Do as you are told' ဆိုတာကို ဘာပြောတာလဲမသိနိုင်တော့ဘူး။ 'မင်းကိုယ်တိုင် ပြောထားတဲ့အတိုင်းလုပ်' လို့ပြောတာလား၊ 'မင်းကိုပြောထားတဲ့အတိုင်းလုပ်' လို့ပြောတာလားဆိုတာကို။
Do as you are told (verb to be + present perfect = passive voice)
ဘယ်ချိန်မှာ a, an ကိုပြောရမလဲဆိုတာတွေအစ။ ed ကို ဘယ်လိုနေရာတွေမှာထည့်တာ။ t,d နဲ့ဆုံးတဲ့ verb တိုင်းနောက်မှာ ed ပေါင်းရမယ်ဆိုတာ(wanted, decided)။ နောက် paste tense မဟုတ်ပေမဲ့ တချို့ adj တွေမှာ ed ပေါင်းကြတာဆိုတာမျိုးတွေသိထားရမယ်။ consonant ရှေ့က the ကို /thuh/ အသံထွက်ပြီး၊ vowel ကနောက်ကလိုက်ရင်တော့ /thee/ လို့ထွက်ရတာမျိုး။
တဖက်ကပြောတာကို နားလည်ပြီးပြန်မပြောနိုင်တာကလဲ အဲ့အကြောင်းတရားပါပဲ။ ဒီကိစ္စ နောက်မှဆက်မယ်။ မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားကို လေ့လာတဲ့နေရာမှာ Grammar ဟာအခြေခံအကျဆုံးနဲ့ လေ့ကိုလေ့လာရမယ့်အရာဖြစ်တယ်။
IPA (International Phonetics Alphabet))
အားလုံးမဖြစ်မနေ စကြရတာက အခြေခံ A, B, C လို alphapet တွေသိပြီဆိုင်ရင် voca တွေကိုလေ့လာတာပဲ။ voca တွေကိုလေ့လာတဲ့ နေရာမှာ နည်းစနစ်မမှန်ကန်ခဲ့ရင် သွားပြီပဲ။ အမှားကိုအမှန်ထင်ပြီး မှတ်သားမိသွားရင် နောက်ပိုင်း အဲ့အမှားကို ပြင်နေရင်းကိုက လေ့လာမှုမှာ ရှေ့မရောက်နိုင်တော့ဘူး။ အရေးကြီးဆုံးက pronounciation မှန်အောင်အစကပဲလုပ်ဖို့ပဲ။ အဲ့အတွက် IPA(International Phonetics Alphabet)ကိုအရင့်လေ့လာရမယ်။ နောက်ပြောင်ကြတာရှိတယ် Ghoti ကို Fish လို့အသံထွက်ရမယ်ဆိုတာ။ (gh - laugh ကနောက်အသံထွက် f, o - occasion ကအသံထွက် i, creation ကအသံထွက် tion) နောက်ပြီး ကိုယ့်လက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းအဲ့ အစွမ်းအစကို အသုံးချရမယ်။ voca တလုံးဖတ်တိုင်းမှာ သက်ဆိုင်တဲ့ IPA သင်္ကေတတွေနဲ့တွဲဖတ်တာအပြင် audio နဲ့မှန်ကန်မှုရှိမရှိ အသေအချာစစ်ဆေးပါ။ bulb ဆိုတဲ့စကားလုံးဟာ IPA မှာ /'b^lb/ လို့ပြပါတယ်။ တကယ်တမ်း နားထောင်ကြည့်တော့ တမျိုးဖြစ်နေတက်တယ်။ ဒါမျိုးတွေကြောင့် audio check လုပ်ပါ။ IPA မှာပါတဲ့ ' လေးက stress လုပ်ရမဲ့စကားလုံးကိုညွှန်ပြပေးတာဖြစ်တယ်။
Know the stress
Word Stress
audio နားထောင်တဲ့အခါ stress သံတွေကို ဂရုပြုနားထောင်။ stress pattern ဆိုတာရှိတယ်။ syllable ဆိုတာဘာလဲသိထားရမယ်။ ဖိသံဖြစ်တယ်။
ဥပမာ -
present ဟာ V = တင်ဆက်သည် / N = လက်ရှိအချိန်၊ လက်ဆောင်
ပုံမှန် အင်္ဂလိပ်စကားလုံးတလုံးမှာ stress သံ တစ်သံသာပါဝင်တယ်။ တချို့အသံထွက် ၄,၅ လောက်ရှိပေမယ့် syllable သည် တခုသာရှိတယ်။ ချွင်းချက်စကားလုံးတွေတော့ရှိတယ်။ ရှားပါတယ်။
Sentence Stress
Listening ပိုင်းကိုလေ့ကျင့်တဲ့အခါ Sentence stress တွေကိုသိဖို့လိုတယ်။ content words နဲ့ structure words ဆိုပြီးခွဲနိုင်တယ်။ content words တွေဟာ key words တွေဖြစ်ပြီး အဓိကဆိုလိုရင်းအဓိပ္ပာယ်ကိုသယ်ဆောင်ကြသူတွေဖြစ်တယ်။ structure words တွေက grammar နည်းအရ မှန်ကန်တိကျမှုရှိအောင် ဖြည့်စွက်ပါဝင်ကြတဲ့ အစိတ်အပိုင်းမျှသာဖြစ်တယ်။ Listening ကိုစတင် လေ့ကျင့်တဲ့နေရာမှာ key words တွေကို အဓိကအာရုံစိုက်ပြီးနားထောင်ရင် နားလည်ရပိုလွယ်မယ်။
Speaking Patterns
စကားပြောတွေကို content words(key words) တွေလိုအဓိကအပိုင်းကိုပဲနားထောင်ပြိး ဆက်စပ်နားလည်နိုင်တာကိုပြောခဲ့တယ်။ ဒီနေရာမှာ structure words တွေကလည်း သူနေရာနဲ့သူအရေးပါတယ်။ အကြောင်းရာ တခုကို ရေရေရာရာ နားလည်ချင်ရင်၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပြောပြချင်တဲ့အခါမှာပေါ့။ ဒီ့အတွက် သိထားရမှာက linking words တွေနဲ့ ဘယ်လိုဆက်စပ်ပြောဆိုကြသလဲဆိုတာပဲ။ အဲ့လိုသိလာရင် ပုံမှန်စကားပြောတွေကို နားလည်ဖို့ အများကြီးအထောက်အကူပြုမယ်။
consonant + vowel ဆိုဘယ်လိုအသံထွက်တယ်။ vowel + vowel ဆိုဘယ်လိုထွက်တယ်ဆိုတာမျိုး (နှုတ်ခမ်း ရှေ့ကိုစူရင် w အသံပေါင်းထည့်ပြီး၊ နှုခမ်းအကျယ်ဖွင့်ရရင် y သံပေါင်းတယ်၊ /ɔ/ ဆိုရင် r သံပေါင်းရတယ်)။
အဲ့လို connected speech တွေကိုအမျိုးအစားခွဲနိုင်တယ်။
- Catenation (consonant sound + vowel sound)
- Intrusion (vowel + vowel sound): /r/, /w/, /j/ အသံတွေကို ပေါင်းထည့်ပြောဆိုတာဖြစ်တယ်။
- Elision (consonant + consonant sound): removing လုပ်တာဖြစ်တယ်။ Didn't he ကို didn' he လို့ထွက်တာမျိုး။ Reduction လို့လည်းခေါ်တယ်။
- Assimilation (consonant + consonant sound): အသံအသစ်တခုဖြစ်ပေါ်ခြင်းဖြစ်တယ်။ d + y ဆို j သံပြောင်းတယ်(Did you...)။ t + y ဆို c သံပြောင်းတယ်(What you...)။
နောက် t က vowel နှစ်ခုကြားရောက်နေရင် (vowel + t + vowel) d သံပြောင်းတာ။ ပြီး၊ နောက်ပိုင် သံတွေ ဖြစ်တဲ့ B, P, K, G, T, D တို့ကိုသိထားရမယ်။ နောက်ပိတ်သံတွေကို သေချာပီသအောင်ဆိုနိုင်ရင် စကားလုံးတွေကို linking လုပ်ပြောဆိုတဲ့အခါ အလိုလိုဖြစ်လာလိမ့်မယ်။
နောက် contractions တွေကိုလေ့လာရမယ်။ aren't, weren't, I'll, It'll, It'd,... စတာတွေ။
ပြီး Schwa sound ကိုသိအောင်လုပ်ရမယ်။ /ə/ က Schwa sound ကိုကိုယ်စားပြုတယ်။
Listening
Rythmn ကိုသတိထားကြည့်ရမယ်။ rythmn ဆိုတာ စကားပြောဆိုတဲ့နေရမှာ အဖြတ်အထောက်ကို ဆိုလိုတာ။ အင်္ဂလိပ်စာမှမဟုတ်ဘူး ဗမာစာမှာလည်း အဖြတ်အတောက်မှန်အောင်ဖတ်မှ၊ ပြောမှ၊ နားလည်ရလွယ်မှာဖြစ်တယ်။
နောက် volume တွေကိုသတိထားနားထောင်။ ဘယ်နေရာမှာ stress ဖြစ်တယ်ဆိုတာဖြစ်တယ်။
ပြီးရင် pitch၊ အသံ အနိမ့်အမြင့်စီးဆင်းပုံ၊ ဥပမာ အမိန့်ပေးတဲ့အသံ၊ တောင်းဆိုတဲ့အသံ၊ မေးခွန်းမေးတဲ့အသံ၊ ပုံမှန်ပြောဆိုတဲ့အသံတွေ၊ စိတ်ဆိုးတာလား၊ ဒေါသထွက်တာလားကအစ pitch ပေါ်မှာမူတည်ပြီး အဓိပ္ပာယ်မှတ်ယူနိုင်တယ်။
How to lean vocabularies
စကားလုံးတွေရဲ့ word transformation တွေကိုပါ ဆက်စပ်လေ့လာတာပိုကောင်းတယ်။ verb, noun, adv, adj, gerund စတာတွေ။ ex: move, motion, mobility စသလို။ နောက်ဖြစ်နိုင်ရင် homophone တွေလို သံတူကြောင်းကွဲတွေ(some and sum, knew and new)။ minimal pairs လို အသံအစိတ်ပိုင်းလေးပဲကွဲလွဲတဲ့ စကားလုံးတွေ(beach and bitch, bun and ban)။ synonyms, antonyms တွေ။
ပြီး၊ အသုံးများတဲ့ irregular verb တွေကို သိအောင်လုပ်သင့်တယ်။ နောက်ပိုင်းကျရင် phrase တွေနဲ့ speaking pattern တွေနဲ့ usages ကိုကြည့်ရမယ်။
ဥပမာ -
- IF...Pattern (unless...)
- While + S (be) + Ving..., S
- While Ving..., S... [subj တူ]
Ex: The Queen died while she was expecting the birth of a child.
The Queen died while expecting the birth of a child.
- See, saw, hear, watch,... + (obj) + V1/Ving
Ex: I saw Hla Hla (going) to school with her freinds this morning.
- get, grow, look, keep, seem, become,... + (adj)
Ex: get rich, grow old, look young, seem poor, become rich.
- find, keep, leave, set + (obj) + adj
- make + obj + V1/N/Adj
Ex: I find English easy.
She keeps the house clean.
Regular exercise makes us healthy and strong.
He set the bird free
- start, begin, busy, keep on,... + Ving
- Help + (obj) + V1
- spend + (obj) + Ving
- (be) + worth + Ving
- look forward to + Ving
- feel/felt like + Ving
- can't/coundn't hep + Ving
- S (have/get) + obj + V3 ...
- Ex: I have my car repaired = ကားပြင်ပေးပါ။
- I have my watch repaired = နာရီပြင်ပေးပါ။
- After + Time
- After + Ving
- After + S (have) V3
Mindset
နောက်ဆုံးပြောချင်တာက mental ပိုင်းပဲ။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တချို့ကလည်း လေ့လာမှုမှာ အရေးပါတယ်။ ပထမဆုံး ဘယ်အရာမဆို ထိရောက်အောင်လေ့လာနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ စူးစိုက်မှုလိုမယ်။ စိတ်က မတည်ငြိမ်ပဲ ကယောက်ကယှက်ခတ်နေရင် ဘာမှလေ့လာလို့ရမှာ မဟုတ်သလို၊ လေ့လာသမျှလည်း မှတ်မိမှာမဟုတ်။
နောက်ပြီး ဘာသာစကားအသစ်တခုကို လေ့လာရတာ ခတ်လည်းမခတ်သလို လွယ်လည်းမလွယ်ပါ။ ပြောချင်တဲ့ သဘောက တကယ်တမ်း လေ့လာမယ်ဆိုရင် ဘာသာစကားတခုကို နှစ်နှစ်အတွင်း ကောင်းကောင်းတက်မြောက်နိုင်တယ်ဆိုတယ်။ ပထမ တနှစ်မှာ အခြေခံနဲ့ ဘာသာစကားရဲ့သဘာဝကို နားလည်အောင်လေ့လာပြီး၊ နောက်ပိုင်းမှာ ဆက်စပ်ပြီး ဆင့်ပွားလေ့လာ။ အဲ့လိုဆို နှစ်နှစ်အတွင်းမှာ ဘာသာစကားတခုကို အတိုင်းအတာအခုထိ တက်မြောက်အောင်လေ့လာနိုင်တယ်။ ခတ်တယ်ဆိုတာက ကိုယ်တွေလို အင်္ဂလိပ်စာကို နှစ်ပေါက်အောင် အလွဲလွဲအမှားမှားများစွာနဲ့ ချာတူးလန် မတက်တဲ့သူတွေက မသိတဲ့သူတွေကို သင်ကြားတာခံခဲ့ရသူတွေအတွက် အမှားတွေကို ပြင်ပြီး အမှန်ဖြစ်အောင် ပြင်ယူရတာပဲ။ အဲ့အမှားတွေက ပြင်ရင်းနဲ့ ရှေ့မရောက်နိုင်တော့ဘူး။ အဲ့ကြောင့် အစမှာသေချာလေ့လာဖို့၊ voca တွေကိုဂရုစိုက်မှတ်သားဖို့ပြောတာဖြစ်တယ်။
ဘာသာစကားတခုကိုလေ့လာတာဟာ ဒုံးပျင်တစင်းကို လွင့်တင်သလိုပဲ။ အစမှာ လောင်စာစွမ်းအင် အရှိန်အဟုတ်အပြည့်နဲ့ ချီတက်ရမယ်၊ အာကာသ လေဟာနယ်ကိုရောက်ပြီး ပတ်လမ်းထဲကိုရောက်တဲ့အချိန်မှာ ဘယ်လောင်စာစွမ်းအားရဲ့ အကူအညီမှ မလိုတော့သလို ပဲ့ထိန်းတွေကိုလည်း လွှတ်ချပြီး လွှတ်လွှတ်လပ်လပ်နေနိုင်သွားပြီ။ ဒီသဘောတရားအတိုင်းပဲ ဘာသာစကား လေ့လာမှုခရီးစဉ်တလျှောက်မှာ လုံးပန်းအားထုတ်ရတာတွေ၊ အခတ်အခဲတွေရှိမယ်၊ အဲ့တာတွေအားလုံးကျော်ဖြတ်ပြီးရင် အာကာသပတ်လမ်းထဲက ဂြိုလ်တုလိုအနေအထားဖြစ်သွားပြီး။
အခတ်ခဲဆုံး အတားဆီးတခုက အင်္ဂလိပ်တွေးခေါ်တက်ဖို့အားထုတ်ရတာပဲ။ စစချင်းမှာ မရင်းနှီးတဲ့ဘာသာစကားနဲ့တွေးခေါ်ဖို့ကြိုးစားရတာဖြစ်လို့ ကိုယ့်ကိုယ်ကို အတွေးခေါ်မဲ့သလို၊ ဘယ်ဘာမှ မရှိတဲ့ ဟာလာဟင်းလင်း ဦးနှောက်ကြီးတခုလိုဖြစ်တက်ပေမယ့်၊ အားလုံးကြုံတွေ့ရမဲ့အရာသာဖြစ်တယ်။
ဘာသားစကားလေ့လာသူအများစု ပြောကြတာရှိတယ်။ နားလည်ပေမယ့် ပြန်မပြောနိုင်ဘူးဆိုတာ။
ဒီနေရာမှာ အကြောင်းချက် တချို့ကိုဆွဲထုတ်ပြမယ်။ တစ်က Grammar အားနည်းတာ။ နှစ်က အတွေးအခေါ်အားနည်းတာ၊ ဒါမှမဟုတ် ကိုယ်ပြောဆိုမယ့် ဘာသာရပ်မှာဖြစ်ဖြစ်၊ သက်ဆိုင်နယ်ပိုင်မှာဖြစ်ဖြစ် အဲ့တာနဲ့ပတ်သတ်ပြီး ဗဟုသုအားနည်းတာမျိုး။ နောက်မိခင်ဘာသာစကားကိုတောင် လိပ်ပတ်လည်အောင်မပြောနိုင်ဘဲ နိုင်ငံခြားဘာသာစကားတခုကို ရေရေလည်လည်ပြောချင်တာမျိုး။ သုံးက အလေ့အထမရှိတာပဲ။
နောက်တခုက အရိုးစွဲနေတဲ့ အတွေးခေါ်ဟောင်းဖြစ်တဲ့ ဘာသာစကားတခုကို ငယ်ငယ်ကနေလေ့လာမှရမယ်၊ ကြီးမှလေ့လာရင် နှုတ်ကျိုးသွားပြီ၊ အာသီးတွေခိုင်သွားပြီး၊ ပီသဖို့မလွယ်တော့ဘူးဆိုတာ။ မဟုတ်ဘူး။ မှားတယ်။ ဘာသာစကားတခုကို လေ့လာတဲ့နေရာမှာ အသက်ကြီးတာ၊ ငယ်တာ။ နောက်ကျတာ၊ စောတာမရှိပါ။
ဒါတွေက စဉ်းစားမိသလောက် လက်လှမ်းမှီသလောက် အတွေးတွေးကိုချရေးလိုက်တာ။ ကိုယ့်ရဲ့လေ့လာမှုအတွက် အထောက်အကူပြုမဲ့ framework တခု၊ resource တခုဖြစ်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ full-width
Happy learning, wish the best... ✌️
Post a Comment
Post a Comment