presentation လေးမှာကျနော်တို့ team အနေနဲ့ flowchart တခုဟာ visual tool အဖြစ်နဲ့ လွယ်ကူရိုးစင်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပိုမိုရှုပ်ထွေးတဲ့အပိုင်းတွေမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာတဲ့ ကိစ္စရပ်တွေအပြင် လုပ်ငန်းစဉ်တွေကို စီမံကိုင်တွယ်တာ၊ ပြသာနာတွေကိုအဖြေရှာတာ ဒါမှမဟုတ် ကျနော်တို့ရဲ့ တပတ်တာလုပ်ဆောင်ချက်လေးတွေကိုဖြစ်ဖြစ် ပိုပြီးတိုးတက်အောင်းမွန်အောင် အနည်းနဲ့အများဘယ်ပုံဘယ်နည်း အထောက်အကူပြုစေနိုင်မလဲဆိုတာကို လေ့လာသွားကြမှာဖြစ်ပါတယ်။
Intro To Flowchart
![]() |
flowchart ဆိုတာ process တခုမှာပါဝင်တဲ့ သီးခြားအစိတ်အပိုင်းတွေကို တခုနဲ့တခု အချိတ်အဆက်ပြုပြီး အမြင်နဲ့ရှင်းလင်းနားလည်မှုရှိအောင် ရေးဆွဲထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ စုံလင်ကွဲပြားတဲ့ ရည်ရွယ်ချက်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင် အသုံးချနိုင်တဲ့ generic tool တခုလည်းဖြစ်ပါတယ်။ အများစံပြုသတ်မှတ်ထားတဲ့ သင်္ကေတတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အသုံးချပြီး process ဒါမှမဟုတ် flow တခုရဲ့အဆင့်တခုစီတိုင်း၊ ဆုံးဖြတ်ချက်ချမှတ်မှု အမှတ်သားတိုင်းအတွက် လွယ်ကူချောမောစွာ လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုပေးပါတယ်။
Understanding Flowchart Symbols
မှတ်တမ်းမှတ်ရာတွေ၊ လေ့လာသင်ယူမှုတွေ၊ အစီစဉ်ရေးဆွဲမှုတွေ၊ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့၊ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းမြင်သာစေရန်အတွက် diagrams တွေနဲ့ပုံဖော်ခြင်းအားဖြင့် နားလည်လွယ်ကူစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ အဆင့်တခုစီတိုင်းကို ခွဲခြားသတ်မှတ်ဖို့အတွက် rectangles, ovals, diamonds နဲ့ အခြား ဖြစ်နိုင်ချေရှိတဲ့ ပုံသဏ္ဍာန်တွေ၊ မြှားတွေကို အသုံးပြုပြီး ချိတ်ဆက်မှုနဲ့ အစီစဉ်ကျနမှု အတွက်လုပ်ဆောင်ကြရပါတယ်။
flowchart ကို စတင်အသုံးပြုလာခဲ့တဲ့အချိန်ကစလို့ flowchart ဖန်တီးရန်အတွက် သင်္ကေတအမျိုးမျိုး အသုံးပြုမှုတွေနဲ့ ပတ်သတ်ပြီး အများသဘောတူ လက်ခံအသုံးပြုခဲ့ကြတာရှိပေမယ့်၊ သတ်မှတ်ထာတဲ့စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျှူရှုပြီး မိမိရဲ့သဘောစိတ်ကြိုက်၊ ပိုမိုပြီးသင့်လျော်ပြီး၊ အကြောင်းအရာနဲ့ဆက်စပ်ကာ အဓိပ္ပာယ်ရှိပြီး ထိရောက်မယ်လို့ထင်မြင်ယူဆတဲ့ သင်္ကေတွေကို မိမိတို့ဘာသာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အများသတ်မှတ်လက်ခံထားတာမဟုတ်တဲ့ သင်္ကတတွေနဲ့ အသုံးပြုရေးဆွဲမယ်ဆိုရင်တော့ ကိုယ့်ရဲ့ flowchart တခုကို အများသူငှာ ဖတ်လိုက်ချိန်တိုင်းမှာ လွယ်ကူနားလည်ဖို့စေဖို့အတွက် အသုံးပြုတဲ့ သင်္ကေတတွေဟာ တညီတညွတ်ထဲရှိရမှာဖြစ်ပါတယ်။
- မြှားက အဆင့်တခုချင်းစီတိုင်းရဲ့ စီးဆင်းမှုလမ်းကြောင်းကို လမ်းညွှန်ပေးတာ ဒါမှမဟုတ် ဆုံးဖြတ်ချက် ချမှတ်မှုတွေကို ဖော်ပြပေးပါတယ်။
- rectangles က လုပ်ငန်းစဉ်ကြီးထဲမှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေကိုဖော်ပြတဲ့နေရာမှာ အသုံးပြုပြီး၊ ပါဝင်တဲ့ အဆင့်တခုစီကို rectangles box ထဲမှာရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဆက်စပ်မှုကို ညွှန်ပြဖို့ မြှားတခုသာ သူ့ဆီကထွက်ပါတယ်။
- မေးခွန်းတွေပေါ်မှာ အခြေပြုမယ်ဆိုရင်တော့ diamond သင်္ကေတကို အသုံးပြုကြပါတယ်။ သူ့ဆီကနေ တခုထက်ပိုတဲ့ မြှားတွေနဲ့ ညွှန်ပြနိုင်ပြီး မြှားတခုစီတိုင်းဟာ process တခုရဲ့ yes or no အဖြေပေါ်မှာ အခြေခံပြီး သတ်မှတ်ထားတဲ့ အဖြေတွေကို ဆက်စပ်ညွှန်ပြပေးပါတယ်။
- ဘဲဥပုံ oval သင်္ကေတက စမှတ်နဲ့ ဆုံးမှတ်အတွက် အသုံးပြုနိုင်ပါတယ်။
- စက်ဝိုင်း circle ဟာအခြားတနေရာ၊ page တခုခုမှာရှိနေတဲ့ diagram များနဲ့ဆက်စပ်မှုကို ဖော်ပြရန်အတွက်ဖြစ်ပါတယ်။
- Parallelogram ကိုတော့ input နဲ့ output များကိုဖော်ပြဖို့သုံးပါတယ်။
ဒီလိုမျိုး symbols တွေနဲ့ဆက်စပ်ပြီးအသုံးပြုပုံသဘောသဘာဝတွေကို နားလည်ကျွမ်းဝင်မှုရှိခြင်းအားဖြင့် ထိရောက်မှုရှိကာ ရှင်းလင်းသေသပ်ပြီး ရှုပ်ထွေပွေလီတဲ့ လုပ်ဆောင်ချက်တွေနဲ့ အကြောင်းအရာတွေကို visualize လုပ်ပြီး မျက်လုံးထဲမှာ ကြည့်လိုက်တာနဲ့ ထင်းကနဲ၊ လင်းကနဲဖြစ်စေပြီး ကွက်ကွက်ကွင်းကွင်း နားလည်လွယ်ကူမှု ရှိစေနိုင်မယ့် flowchart တွေကို ဖန်တီးစေနိုင်ဖြစ်ပါတယ်။
Examples of Flowcharts
လက်တွေ့ ဘဝဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါမယ်။ ဥပမာ - အညွှန်း recipe တခုကို ကိုးကားပြီး ကိတ်မုန့် ဖုတ်တော့မယ်ဆိုပါစို့။ ကျနော်တို့တွေဟာ ဖော်ပြထားတဲ့ အဆင့်တိုင်းကို တဆင့်ခြင်းစီ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေ စုဆောင်းတာ၊ သမအောင် ပေါင်းစပ်ရောနှောတာ၊ မုန့်ဖုတ်တဲ့အပိုင်း နဲ့စောင့်ကြည့်စစ်ဆေးတဲ့အပိုင်းတွေလိုပေါ့။ recipe အဆင့်တိုင်းလိုက်လုပ်တဲ့အတွက် အမှားအယွင်း နည်းပြီး ပရမ်းပတာမဖြစ်တော့ဘူးပေါ့။ flowchart ဟာလည်း ဒီသဘောတရားအတိုင်းပါပဲ။ အဆင့်တိုင်းကို ရှင်းလင်း စေ့စပ်သေချာစေပြီး အမှားအယွင်း နည်းသထက်နည်းစေမှာဖြစ်ပါတယ်။
နောက်တချက်က မီးဘေးအန္တရာယ်အကြိုလေ့ကျင့်တာနဲ့ စဉ်းစားကြည့်ရအောင်ပါ။ လူတိုင်းဟာ မိမိနဲ့ အနီးစပ်ဆုံး ထွက်ပေါက်ကိုရှာကြရမယ်၊ မီဘေးကြုံနေရတဲ့အချိန်မှာ ဓါတ်လှေကား အသုံးပြုတာကို ရှောင်ရှားကြရမယ်၊ သပ်မှတ်ထားတဲ့ စုရပ်ကို ဒါမှမဟုတ် အန္တာရာယ်အကင်းဆုံးလို့ ယူဆရမဲ့နေရာတွေမှာ ခိုလှုံကြတာနဲ့ ဂယောင်ဂတန်းဖြစ်စေပြီး အန္တရာယ်ရှိတယ်လို့ယူဆရတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ကြတာမျိုးတွေလိုပေါ့။ flowchart တခုက ဒီလိုမျိုး ရွေ့ပြောင်းကြရမဲ့ အစီစဉ်တွေနဲ့ ဘေးကင်းစေဖို့ ရှင်းလင်းတဲ့ လမ်းညွှန်မှုတွေပေးတာတွေကို ဖော်ညွှန်းပေးဖို့ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။
ဒါမှမဟုတ် flowchart တခုကို travel checklist တခုအနေနဲ့လည်း ကြည့်မြင်နိုင်ပါသေးတယ်။ ပထမဦးဆုံး မိမိသွားရောက်မဲ့ နေရာသတ်မှတ်တာ၊ ဒိတ် ရက်အပိုင်းအခြား ခန့်မှန်းတွက်ချက်တာ၊ လက်မှတ်ဖြတ်တာ၊ တည်းခိုမဲ့နေရာ၊ ပစ္စည်းပစ္စယတွေထုပ်ပိုးပြင်ဆင်တာ၊ ပြည်ပအတွက်ဆို ပတ်စ်ပို့ ဒိတ်လွန်မလွန်စစ်ဆေးတာ၊ ဗီဇာကိစ္စအစ လေဆိပ်သွားတာ အလယ်၊ လေဆိပ်/အဝေးပြေးဂိတ်သွားတာအဆုံး တခုမှ အလစ်အဟင်းမရှိရလေအောင် စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Applications in Business
Educational Uses of Flowcharts
ခတ်ခဲနက်နဲပြီး နားလည်ရခတ်ခဲတဲ့ အကြောင်းအရာတွေကို သင်ကြားပြသပေးဖို့အတွက်လည်း အကောင်းဆုံးနဲ့ အသင့်တော်ဆုံး တူးလ်တခုအဖြစ် flowcharts ကထမ်းဆောင်နိုင်ပါသေးတယ်။ flowchart တခုဟာ အချက်အလက်တွေကို တခုနဲ့တခုဆက်စပ်ပြီး နားလည်ရလွယ်ကူစေမယ့် လေ့လာရတာအဆင်ပြေချောမွေ့စေမယ့် အစိတ်ပိုင်းလေးတွေအဖြစ် ခွဲထုတ်ပိုင်းခြားဖို့ တက်နိုင်စေမှာဖြစ်ပါတယ်။ ပရောဂျက်အတွက် အစီစဉ်ချမှတ်တာ၊ စန်းသစ်ပြီးသူမတူထူးခြားတဲ့ အတွေးခေါ်တွေကို ပေါင်းချက်ဖန်တီးပြီး ကျောင်းသူ/သားတွေအတွင်း engagement ကိုမြှင့်တင်ပေးနိုင်ပါတယ်။
Benefits of Flowcharts
flowcharts အသုံးပြုမှုဟာ computer programming, project management တို့လို မတူညီကွဲပြားတဲ့ နယ်ပယ်အသီးသီတိုင်းမျာ လူကြိုက်များအသုံးပြုနေကြတာဖြစ်ပါတယ်။ versatile မျိုးစုံနဲ့ ရိုးစင်တဲ့လုပ်ဆောင်ချက်တွေအပြင် ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတိုင်းအတွက် dynamic ဖြစ်စွာ အသုံးပြုနိုင်ပြီး flowchart ကိုကြည့်လိုက်တာနဲ့ ကြည့်သူဟာ အကြောင်းအရာနဲ့ပတ်သတ်ပြီး high-level overview တခုကိုရရှိရမှာစေမှာဖြစ်ပါတယ်။
ကျနော်တို့ဟာ အစုအဖွဲ့တခုခုကို ဦးဆောင်နေတယ်လို့မှတ်ယူကြည့်ကြပါစို့။ တာဝန် ပိုင်းခြားခွဲဝေခြင်းတွေ၊ ဆုံးဖြတ်ချက် ချမှတ်ရတာတွေ၊ ပြီးမြောက်အောင်မြင်ချက်တွေကို တိုင်းတာတဲ့ကိစ္စရပ်တွေဟာ မလွဲမသွေရှိကို ရှိလာမှာဖြစ်ပါတယ်။ flowchart တခုဟာ process ဖြစ်စဉ်ကြီးတခုလုံးကို ချုံငုံသုံးသပ်ပြီး ကြည့်မြင်နိုင်အောင် လမ်းဖွင့်ပေးနိုင်ပါတယ်။ ဘယ်သူတွေက ဘာတွေလုပ်နေကြတာလဲ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် ဘယ်အချိန်မှာ လိုအပ်မယ်၊ အကြောင်းအရာတွေဟာ တခုနဲ့တခုဘယ်ပုံဘယ်နည်း ဆက်စပ်နေကြသလဲ ဆိုတာတွေကို အချွတ်အချော် အဖိတ်အစင် အကြားအလပ်မရှိအောင် စီမံနိုင်ဖို့ ကူညီမှုတွေပေးနိုင်ပါတယ်။
Tips for Creating Effective Flowcharts
ရိုးစင်းပြီး ရှေ့နောက်ညီညွှတ်မှုရှိမှုဟာ ထိရောက်မှုရှိတဲ့ flowchart တခုကိုဖန်တီးဖို့အတွက် အခြေခံကောင်းတရပ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်နဲ့ စမှတ်၊ ဆုံးမှတ်တွေကိုသတ်မှတ်တာ၊ လုပ်ဆောင်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေကို အစီစဉ်တကျ နေရောချတာ၊ အသုံပြုတဲ့ သင်္ကေတတွေဟာ အဆင့်တခုစီတိုင်းနဲ့ လိုက်ဖက်မှုရှိတာ၊ ရှင်းလင်းတဲ့ labels တွေကိုအသုံးပြုတာ၊ အသုံးပြုတဲ့ သင်္ကေတ အရည်အတွက်ကို ကန့်သတ်တာအပြင် flow တခုလုံးဟာ ကြောင်းကျိုးဆက်စပ်ညီညွှမှုရှိပြီး သဟဇာသဖြစ်နေစေဖို့ အတက်နိုင်ဆုံးသေချာဖို့လိုပါတယ်။ readability အတွက်လည်း မတူကွဲပြားတဲ့ အစိတ်ပိုင်းလေးတွေကို သီးခြားကာလာလေးတွေထည့်ခြင်းကဲ့သို့ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ပေါင်းစပ်အသုံပြုသင့်ပါတယ်။
တိကျမှန်ကန်မှုရှိစေဖို့အတွက် ပြန်လှန်စစ်ဆေးပြီး အပ်ဒိတ်လုပ်ပေးခြင်းလည်းရှိသင့်ပါတယ်။
Conclusion: Mastering Flowcharts
သေသပ်ကောင်းမွန်တဲ့ flowchart တခုဟာ process mapping အတွက်တင်မကပါဘူး။ ၎င်းဟာ ဇာတ်ကြောင်းတခုကို ပြောပြနေခြင်းသဘောမျိုးလည်းဖြစ်ပါတယ်။ အပေါ်မှ တင်ပြချက်တွေအပေါ်မှာ အခြေခံပြီး ကျနော်တို့ဟာ ရှင်းလင်းပြတ်သားမှုရှိပြီး ထိရောက်မှုရှိတဲ့၊ ဖြေရှင်းချက်နည်းနာတွေကို ချပြနိုင်စေမှာ ဖြစ်တယ်ဆိုတာကို ပြောကြားရင်း နိဂုန်းချုပ်ပါရစေ။
Thanks...
full-width









Post a Comment
Post a Comment